Wednesday, May 2, 2012

နောင်တများနှင့်...


နောင်တများနဲ့…..
မေလ… ကျွန်မရဲ့အမှတ်တရနေ့တွေ သို့မဟုတ် မေ့နေခဲ့သော်၊မေ့သလိုဖြစ်နေတာတွေကို သတိပေးအသိပေးမဲ့နေ့တွေရှိတယ်…
-သေခြင်းတရားနဲ့ တဖြည်းဖြည်းပိုပို နီးလာပီနော်လို့သတိပေးနေတဲ့တစ်နှစ်ကြီးလာတဲ့ မွေးနေ့ မင်းဘာတွေလုပ်ပီးပီလဲသေတတ်ဖို့ဘယ်လိုတွေနေတတ်အောင်လုပ်နေပီလဲ.. (သေရမှာကိုတော့သိပေမယ့် တခါတခါမေ့တယ် မေ့ထားမိတယ်)
- တနှစ်ပြီးတနှစ် ကြာလာပေမယ့် ကျွန်မရင်ထဲမှာ ဘယ်တော့မှ မေ့မရတဲ့ ကျွန်မအပါးရဲ့ လူ့လောကမှစွန့်ခွါသွားတဲ့နေ့
-တနည်းအားဖြင့်လည်း ကျန်ရှိနေတဲ့အမိုးကို ပိုပီးဂရုစိုက်ရမယ် ပိုပြီးစိတ်ချမ်းသာအောင်ထားရမယ်လို့ သတိပေးနေတယ်..
          ဒီနှစ်၂၀၁၂မေလမှာကျွန်မရဲ့မွေးနေ့နဲ့အတူကျွန်မရဲ့အပါးဆုံးတာလဲ၂နှစ်ပြည့်ခဲ့ပီ..
သေသောသူကြာရင်မေ့ဆိုပေမယ့် ကျမရဲ့ အပါးကို မမေ့နိုင်ပဲ သတိရ အောက်မေ့ခြင်းများနဲ့ ကျမဒီစာလေးတွေကို ရေးမိပါတယ်
          -မိသားစုတွေအများကြီးရှိတဲ့ အထဲမှာ တချို့သောမိသားစုမှာက အဖေကိုပိုချစ်တယ် ပိုဂရုစိုက်တယ်၊ တချို့ကတော့အမေကိုပိုချစ်တယ် တချို့ကတော့ တူတူ ပဲ အဲလိုအစရှိသဖြင့်ပေါ့(ခုက သားသမီးတွေဘက်ကကြည့်ပီးပြောတာပါ) ကျမတို့အိမ်မှာက တော့ အမိုး(အမေ)ကိုပိုချစ်တယ်လို့ပြောလို့ရတယ်၊ ဘာလို့လဲဆိုတော့ကျမတို့ငယ်ငယ်ထဲက အပါး(အဖေ)က ခရီးတွေသွားပီးအလုပ်လုပ်တော့ အမိုးပဲအနီးကပ်နေလိုအပ်တာတွေဖြည့်ဆီးခဲ့လို့ပါ အဲတော့ အနေနီးတဲ့အမိုးကိုပဲပိုချစ်ခဲ့ကြတာပေါ့.. မိသားစုတစ်ခုမှာ အဖေဆိုတဲ့ ခေါင်းဆောင်ဆိုတာမရှိမဖြစ်ပါဆိုတာ အသက်ကြီးလာလေကျမပိုသိလာပါတယ် အဲဒီအဖေက ဆိုးဆိုးကောင်းကောင်း အဖေကမရှိမဖြစ်ပါ အရက်သောက်မူးရူုးနေရင်တော့တစ်မျိုးပေါ့လေ … ကျမအဖေက ဆိုးမှန်းမသိဘဲဆိုးတဲ့အထဲမှာ ပါတယ်လို့ပြောလို့ရပါတယ်(အပါးကိုအတင်းပြောတာမဟုတ်ပါဘူး) အရက်လဲမသောက် လူမှုရေးဖောက်ပြန်တာလဲမဟုတ်…သူဆိုးတာက ဆေးလိပ်အရမ်းသောက်ပီး ခုခတ်စားနေတဲ့ တရားမ၀င်ထီတွေကို ထိုးတာပါဘဲ ဒါပေမယ့်အမိုးက ကိုယ်အဖေဘာကြီးပဲဖြစ်နေဖြစ်နေအဖေကအဖေပါပဲလို့အမြဲတမ်းဆုံးမတယ် ကျမတို့လဲ အပါးကို ဘယ်တော့မှ ကြီးကြီးကျယ်ကျယ် ကြီး မပြစ်မှားကြဘူး အဲ တခါတခါအမိုးကိုစိတ်ဆင်းရဲအောင်လုပ်ရင်တော့ အပါးကို တော့ နည်းနည်းစိတ်တိုမိတာပေါ့ (ငရဲတအားကြိးမှန်းလဲ အသက်ကြိးလာလေပိုသိပါတယ်) “အကွပ်မရှိတဲ့ကြမ်းပရမ်းပတာ” လေ ကျမတို့အရွယ်ရောက်တဲ့အချိန်မှာအဖေကပိုလိုအပ်တယ် သမီးမိန်းကလေးတွေအတွက်ရောသားယောင်္ကျားလေးတွေအတွက်ပါပေါ့ ဒါပေမယ့်အပါးက စံပြအဖေတော့မဖြစ်ခဲ့ပါဘူး အဖေဆိုတဲ့နေရာမှာရှိနေပေးတာတခုကပဲတော်တော် ကျေးဇူးတင်စရာကောင်းပါတယ် တခြားရုပ်ဝတ္တူတွေအတွက်တော့ ကျမအပါးက ဘာမှမစွမ်းဆောင်ပေးနိုင်သလောက်ပါပဲ အပါးအဲလိုမိသားစုကို မစွမ်းဆောင်ပေးဘဲပေါ့နေတာကလဲ အမိုးက ဈေးရောင်းတယ် မိသားစုအတွက် ရှာဖွေပေးနိုင်တယ်ဆိုပီးအပါးကပေါ့ခဲ့တာဖြစ်နိုင်ပါတယ် အမိုးစိတ်ဓါတ်ကငါလုပ်နိုင်တယ် ယောကျာင်္းမပေးလဲဂရုမစိုက်ဘူးဆိုတဲ့ မာနပေါ့(ကျမအတွက် ဒါ သင်ခန်းစာ၁ ပေါ့. အဲ့မာနမျိုးမထားဘူးလို့) အမှန်တော့ အိမ်ထောင်တခုမှာမောင်တထမ်းမယ်တရွက်ဆိုတဲ့စကားပုံနဲ့နေသင့်တယ် ဒါတွေဘာလို့ထည့်ပြောလဲဆိုတော့ အဲလို မျိုးတွေဖြစ်လာရင် သားသမီးက လေးစားတာတွေလျော့မယ် ဟာ ငါ့အဖေကတော့ ၊ငါ့အမေကတော့ဘာမှလဲမလုပ်ပေးဘူးဆိုပီးအဲလိုစိတ်မျိုးဝင်လားပီး အရိုအသေတန်ရင် မိဘတွက်လဲမကောင်းသားသမီးတွေအတွက်လဲငရဲလေ.. အဲလိုမျိုးနဲ့နေလာရင်းနဲ့အခြေအနေတွေပြောင်းပီးအမိုး ကျန်းမာရေးမကောင်းတော့ ကျမရဲ့အပါးကလေ သူတတ်နိုင်သလောက်အကောင်းဆုံးနဲ့ ကျမတို့မိသားစုကို ကြည့်ရှုပါတယ် ကျမလဲ အလုပ်လုပ်ပီဆိုတော့ကျမတို့ ၂ယောက်အားနဲ့ပေါ့.. အရင်တုန်းကတော့မိသားစုကို ဂရုမစိုက်လို့အပါးကိုလဲ သေချာဂရုမစိုက်မိကြဘူး အမိုးအမိုး နဲ့ပဲပေါ့ နောက်တော့လဲ အမိုးကျန်းမာရေးမကောင်းတော့ အမိုးကိုဘဲပိုပီးဂရုစိုက်မိကြတယ်။။ ကျမတို့အများကြီးမှားတယ် အဲဒီအချိန်မှာခံစားနေရတဲ့အပါးရဲ့စိတ်ကိုကျမတို့လျစ်လျူရှုထားမိပြန်တယ်.. သူ့ အသက်၁၆ နှစ်လောက်ထဲကသောက်လာတဲ့ဆေးလိပ်သူ့ကိုဒုက္ခပေးပီ အပါးကျန်းမာရေးမကောင်းစဖြစ်တယ် ရပ်ကွက်ထဲကဆရာဝန်တွေနဲ့စပြတယ် ရေဓါတ်ခမ်းတဲ့ ရောဂါလို့ပြောတယ်အဲဒီနှစ်ပိုင်းတုန်းကလဲ ရန်ကုန်မှာတအားပူတယ် ဒါပေမယ့် အပါးက ချမ်းချမ်းနေတယ်လို့ပြောတယ်.. ကျမတို့ အဲဒီအချိန်မှာသိလိုက်တယ် အပါးကိုပါအမိုးတန်းတူဂရုစိုက်တော့မယ်လို့ဆုံးဖြတ်ပီးသွားပီမောင်လေးတွေကိုလဲပြောပြတယ်အပါးကို ဂရုစိုက်ဖို့ပေါ့။ အပါးကတခါတုန်းကအမိုးကိုပြောတယ်တဲ့ “နင့်သားသမီးတွေက ငါ့ကိုမချစ်ပါဘူးတဲ့” လူတော်တော်များများက ကျန်းမာနေတဲ့အချိန် ကိုယ်စိတ်ကိုယ်ဆောင်နေတဲ့အချိန်မှာတော့ဘယ်သူမှဂရုမစိုက်လဲရတယ်လို့ စိတ်တင်းထားပေမယ့် နေမကောင်းဖြစ်တဲ့အချိန်ကြရင် အရမ်းကိုအားငယ်ပီး ဂရုစိုက်ခံချင်ကြတယ် လူကြိးတွေလဲဒီလိုပဲ.. ကျမအရမ်းစိတ်မကောင်းဖြစ်တယ် အပါးစကားကိုကြားပီး ဒါကြောင့်အပါးကိုလဲအရင်ကထက်ပိုပီးတော့ဂရုစိုက်လာပါတယ်.. နေမကောင်းနေရင်းနဲ့တောင်အပါးအလုပ်သွားတော့ ကျမတို့လဲ အရမ်းကြိးဖြစ်မယ်လိုမထင်မိဘူးပေါ့ရှင် ။အဲလိုနဲ့အပါးတော်တော်လေးအခြေအနေဆိုးလာတော့အလုပ်မသွားဖြစ်ဘူး
ကျမလဲ အပါးကို အထူးကုကြိးတွေနဲ့ပြချင်တာပေါ့.. ဒါပေမယ့် အဲဒီအချိန်မှာကျမမှာ အဲလိုပြနိုင်လောက်တဲ့ပိုက်ဆံမရှိသေးဘူး… ဒါပေမယ့် အဲဒီနေ့က လစာထုတ်ခါနီး ၂ရက်အလိုမှတ်မှတ်ရရ ပေါ့
အပါးကဆရာဝန်တွေနဲ့ပြတာလဲမထူးဘူးဆိုပီး(အပါးကဆရာဝန်တွေကိုမယုံတတ်တဲ့စိတ်ဆိုးတစ်ခုလရှိတယ်ဆရာဝန်တွေကသူကိုအစမ်းသပ်ခံလုပ်မယ်လို့ပဲသူကထင်နေတာ)မြန်မာဆရာနဲ့ပြမယ်ဆိုပိးအဲနေ့ကသွားတယ်တဲ့လမ်းရောက်တော့သူသူငယ်ချင်းကအင်္ဂလိပ်ဆရာဝန်နောက်တစ်ယောက်နဲ့ထပ်ပြကြည်လို့
ပြောတော့ သူပြတယ်တဲ့ အဲဒီဆရာဝန်က SSC ကိုသွားခိုင်းပိး အသည်းအထူးကုဆရာဝန်နဲ့ပြပါလို့ပြောတယ် အဲလိုသေချာညွှန်ပီဆိုမှတော့ သွားရတော့မယ်လေ သွားလည်းသွားစေချင်ပါတယ် ဖြစ်နိုင်ရင် အစတည်းက ကုချင်ခဲ့တာပါ.. အဲဒီနေ့ကျမအလုပ်ကပြန်လာတော့အမိုးက အပါး ကို SSC မှာသွားပြခဲ့တယ် အဲဒီဆရာဝန်ကြိးက အသည်းမှာအနာ ရှိတယ်ဆိုပီး ဆေးရုံတင်ခိုင်းတယ် အဲဒီအထူုးကုဆေးခန်းမှာတော့ အမိုးလဲမတတ်နိုင်ဘူးလို့ပြောတော့ သူထိုင်ရတဲ့အစိုးရဆေးရုံကိုတင်ခိုင်းတယ် တဲ့ ကျမစိတ်မကောင်းစွာနဲ့အပါးကိုကြည့်မိတယ် ပီးတော့အပါးပြန်ကောင်းလာမှာပါလို့ အားပေးတယ် အပါးကတော့ ဘာစကားမှမပြောတော့ တာ အရင် ၂ရက်လောက်ထဲကပါဘဲ ကျမတို့စိတ်ထဲမှာလဲဆေးရုံတက်ရင်ကောင်းမယ်ဆိုတဲ့အသိကခိုင်မာနေတယ် ပီးတော့ အဲဒီဆရာဝန်ကြီးကိုယ်တိုင်ကြည့်မယ်ဆိုတော့လဲစိတ်သိပ်မပူဘူးပေါ့ အပါးကတော့နေလဲကောင်းချင်တယ် သူ့ကို အစမ်းသပ်ခံလုပ်မှာကိုလဲစိုးရိမ်တာပေါ့..
          ဆေးရုံတက်ရမဲ့နေသောကြာနေ့ကျမလစာထုတ်ရမဲ့နေ့ .အပါးဆေးရုံကိုသွားတာကိုလိုက်ပို့ချင်ပါတယ် ဒါပေမယ့် လကုန်ရက်က မဖြစ်မနေသွားရမှာတကြောင်းရယ် လစာထုတ်ရမယ်တကြောင်းနဲ့ အပါးကို သမီးလစာထုတ်ပီးမှလာခဲ့မယ်နော်လို့နှုတ်ဆက်လိုက်ပါတယ် အမိုးရယ် အလတ်ကောင်ရယ်အပါးသူငယ်ချင်း အငှားကားမောင်းတဲ့ဥိးလေးကြိးရယ် အပါးကိုဆေးရုံကိုလိုက်တင်ကြပါတယ် အပါးကလေ အဲဒီကားပေါ်ကိုတက်ခါနီးကျမကိုလှမ်းကြည့်လိုက်တဲ့မျက်နှာ သမီးကို အားကိုးပါတယ်ဆိုတဲ့မျက်နှာ ကျမအရမ်းဝမ်းနည်းမိတယ် အပါးကို ဒီလိုအချိန်မှာမှဂရုစိုက်မိသလားပေါ့ စိတ်ထဲကလဲပြောနေတယ် စိတ်ချပါအပါးကို ဆေးရုံကပြန်ဆင်းလာရင်ဒီထက်ပိုပီးဂရုစိုက်ပါ့မယ်ပေါ့ .. အရင်တုန်းကအကြောင်းတွေပြန်စဉ်းစားမိရင်… အပါးက ကျမတို့မောင်နှမတွေထဲမှာ သမီးလဲဖြစ်အကြီးဆုံးလဲဖြစ်တဲ့ကျမကိုပိုချစ်ပိုအားကိုးတယ်ထင်တယ် ဒါပေမယ့်အဲတုန်းကတော့ အပါးကငါတို့တောင်းတာလဲမပေးဘူး လိုချင်တာတွေလဲလုပ်မပေးဘူးဆိုပိးတခါတခါတော့ ဆိုးတဲ့ ဥာည်လေးနဲ့ပြန်ပြောမိတာလေးတွေရှိတယ်. ပီးတော့အပါးရဲ့ခံစားချက်ကိုလုံးလုံးကို ဂရုမစိုက်ကြတာတွေရှိတယ်လေ။ အပါးစီးသွားတဲ့ကားကိုမြင်ကွင်းထဲကပျောက်သွားတဲ့အထိလိုက်ကြည့်မိတယ်
          အဲဒီနေ့မှအလုပ်ကပုံမှန်အချိန်ပြန်လို့မရပဲအလုပ်တွေများနေလို့ ည ၈ နာရီကျော်လောက်မှပြန်ရောက်တယ် အပါးကို စိတ်ပူတာလဲတကြောင်း ဆေးရုံမှာလိုအပ်တာတွေဝယ်ဖို့ အဆင်ရောပြေပါ့မလားဆိုတဲ့စိတ်ကတဖက်နဲ့ပေါ့ အိမ်ပြန်ရောက်တော့ အလတ်ကောင်လေးကပြန်ရောက်နေတော့အခြေအနေမေးကြည့်တော့ အဆင်ပြေပါတယ်တဲ့ မကြီးမနက်မှပဲလာတော့လို့အမိုးကမှာလိုက်တယ်တဲ့ဆိုတော့နောက်နေ့မှသွားတော့မယ်ဆိုပီးမနက်ဖြန်လိုတာတွေယူဖို့ပြင်ဆင်ပီးအိပ်ယာဝင်ခဲ့တယ်နောက်နေ့မနက်ဆေးရုံကို သွားတယ် အပါးတက်ရတဲ့ဆေးရုံးက မြောက်ဥက္ကလာ ဆေးတက္ကသိုလ်ဘေးနားမှာ အဆောင်အသစ် ပဲ အပါးနေရတဲ့အထပ်က ၃ထပ်မှာသန့်တယ် သိပ်တောင် လူတွေမတက်ရသေးဘူးလို့ထင်တာပဲ လေကလဲတဖြူးဖြူးနဲ့ အဲဒီတထပ်မှာ အပါးရယ် နောက် လူနာတစ်ယောက်ရယ်ဘဲရှိတယ် ဆေးရုံရောက်တော့အမိုးကိုအရင်မေးကြည့်တော့ဘာတဲ့လဲဆိုတော့ စစ် ဆေးစရာတွေကို သွားစစ်ပီးသွားပီတဲ့ ဒါပေမယ့်ဒီနေ့က စနေဆိုတော့ တနင်္လာနေ့မှာ အဖြေတွေရမယ်တယ့် အထူးကုကြီးကလဲ အစိုးရဆေးရုံဆိုတော့ တနင်္လာနေ့မှာလာမယ်တဲ့ ဆရာဝန်မလေးတစ်ယောက်ရယ် သူနာပြုတစ်ယောက်ရယ် ရှိတယ် အဲဒီအထပ်မှာ အဲခုနက အပါးအပြင်ရှိနေတဲ့လူနာတစ်ယောက်ဆိုတာ သူနာပြုရဲ့အမျိုးသားတဲ့ အမှန်က အခု အသဲဆောင်သူက ခြေထောက်ဒဏ်ရာတဲ့ သူ့အမျိုးသမီးရှိလို့ဒီအဆောင်ကိုလာပြောင်းနေတာတဲ့ဘာဘဲဖြစ်ဖြစ်ကျမတိုလူနာရှင်တွေကျယ်ကျယ်ဝန်းဝန်းလာကြည့်လို့တော့ရခဲ့ပါတယ်။
          ကျမဆေးရုံရောက်တော့ ပါလာတဲ့ပစ္စည်းတွေချ ပီးအပါးကိုလှမ်းကြည့်လိုက်တော့ ဂဏာမငြိမ်တဲ့မျက်လုံးတွေနဲ့အပါး ပါးစပ်ကလဲဘာတွေပြောနေမှန်းမသိဘူး(ငန်းဖမ်းတာလို့ပြောတာပဲ)  ရာသီဥတုကလဲတအားပူတယ်ဒါပေမယ့်အပါးချွေးတော့မထွက်ဘူး အမိုးကအပါးကို နင့်သမီးလာပီလို့ပြောတော့ကျမကိုပြုံးပြတယ် အမိုးက သူဘယ်သူမှမမှတ်မိတော့ဘူးလို့မျက်မှာပျက်ပျက်နဲ့ပြောတယ် အဲဒါနဲ့ကျမလဲ အပါး သမီးကဘယ်သူလဲလို့မေးတော့ စန်းစန်းကြည်တဲ့ အဲဒါ နောက်ဆုံးကြားခဲ့ရတဲ့ အပါးရဲ့စကားပါ အပါးက အရင်ကကော့သောင်ဘက်မှာအလုပ်သွားလုပ်ဘူးတယ်ငှက်ဖျားလဲဖြစ်ဘူးတယ်လို့ပြောတယ်ငှက်ဖျားပဲတက်သလိုလို. အသဲမှာ အနာတွေ့ထားတယ်ဆိုတော့ စီပိုးပဲ ရှိလို့ပိုးကခေါင်းထဲရောက်သလိုလို နဲ့ သေချာတော့မသိရခဲ့ပါဘူး အဖြေက တနလာင်္နေ့မှထွက်မှာကို အဲမှာရှိတဲ့ ဆရာဝန်မလေးကတော့ လာလာကြည့်ပေးတယ် သူကြည့်ရမယ့်အချိန်တခြားလူနာတွေလဲမရှိတော့ဂရုစိုက်ပါတယ်
          အပါးက အရမ်းကိုကိုယ်တွေပူလား ပီး ဘာကိုမှာမသိတော့ပဲနဲ့ တုန်နေတယ် ကျမတို့လဲရေခဲဝတ်အုပ်ပေါ့ နောက်ဆုံး စောင်ကြိးကို ရေခဲရေစိမ်ပီးအပါးကိုပတ်ထားပေးရတယ်. ရာသီဥတုကလဲပူပေါ့.ဆရာဝန်မလေးကအပူချိန်လာလာတိုင်းပေးတိုင်းအပူချိန်ကသာမိုမီတာမှာတောင်မပြနိုင်ဘူး.. နောက်ဆရာဝန်မလေးက အပါးကိုကြည့်ပေးတဲ့ ဆရာဝန်ကြီးဆီဖုန်းဆက်တယ် ပီးတော့ ဆေးတလုံးအပါးကိုထိုးမလို့လုပ်တယ် ဒါပေမယ့် နည်းနည်းလေးပဲစမ်းထိုးကြည့်ပီး လူနာတစ်ခုခုဖြစ်ရင် လာခေါ်ဆိုပီး သူအခန်းထဲပြန်ဝင်သွားတယ် အပါးက အရင်ကထက်တောင် တုန်တုန်ယင်ယင် ကယောင်ကတမ်းတွေဖြစ်လာတယ် ကျမတို့လဲတအားစိတ်ပူပီးဆရာဝန်မလေးကိုသွားခေါ်တယ် အဲဒီအချိန်က ည ၆ နာရီ ကျော်လောက်ရှိပီလို့တော့ထင်တာပဲ သူက ခုနက ကျန်တဲ့ဆေးတွေကိုလဲ ဆက်ထိုးလိုက်တယ် အပါး နည်းနည်းတော့ငြိမ်သွားတယ် ပီးတော့ သူကအောက်ဆီဂျင်ဗူးတပ်ခိုင်းတယ် အောက်ဆီဂျင်က လဲ အဲဒီဆေးရုံမှာမရှိဘူး ဟိုဘက်က ဆေးရုံမှာသွားဝယ်ရတယ်  ကျမအဲဒီအချိန်မှာဆုံးဖြတ်လိုက်တယ် မနက်ဖြန် အထူးကုဆေးခန်းကိုပြောင်းမယ်လို့ ဆရာဝန်မကတော့ မနက်ဖြန်မှစီစဉ်တာပေါ့လို့ပြောတယ် လိုတဲ့ဆေးတွေရေးပေး အောက်ကဆေးဆိုင်မှာသွားဝယ် ပေါ့. အဲဒီမှာတခြားအဆောင်က ဆရာဝန်တစ်ယောက်နဲ့ အဲဒီဆရာဝန်မလေးနဲ့ပြောနေတာကို အပါးရဲ့အမျိုးတစ်ယောက်ကကြားခဲ့တယ်တဲ့ အဲဒါတော့ အပါးဆုံးပီးမှပြန်ပြောတာပါ ဦးနှောက်ထဲကိုပိုးဝင်သွားပီတဲ့ သေရင်သေ မသေရင်တောင် ဦးနှောက်မကောင်းတဲ့ အနေအထားမျိုးဖြစ်မှာတဲ့ အဲဒီအချိန်ထိကျမတို့အပါးကိုသေမယ်လို့မတွေးမိပါဘူး ညလောက်ကျတော့ အပါးနည်းနည်းငြိမ်သွားတော့ အပါးရဲ့အမရယ်အမိုးရယ်တခြား အပါးတူမရယ် ကို ခဏနားခိုင်းပိး ကျမရယ် အကိုတစ်ယောက်ရယ်စောင့်နေတယ် တခြား မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေကတော့ပြန်ပီပေါ့ညဘက်ကြတော့ကျမအပါးကိုရေခဲဝတ်လဲပေးအပါးကိုဘဲသေချာကြည့်နေတာပေါ့ အမိုးတို့ကလဲအရမ်းပင်ပန်းထားတော့ ခဏတဖြုတ်အိပ်မောကျသွားတယ်နဲ့တူပါတယ် ဆရာဝန်မလေးရောသူနာပြုရောက သူတို့အခန်းတွေထဲမှာတခါးပိတ်ပီးနေကြတယ် မိုးလဲချုပ်ပီကို ကျမ နဲ့အတူစောင့်တဲ့အကိုကတော့ စာအုပ်ဖတ်ပီး တခြားကုတင်မှာလှဲရင်းကျမကို စောင့်ပေးနေတယ်အရမ်းကြောက်တတ်တဲ့ကျမ အဲဒီအချိန်မှာ မကြောက်တာတော့အံ့သြစရာပဲ မနက်၃ နာရီကျော်လောက်ဖြစ်မယ် အပါးကလေ ငြိမ်နေရာကအသက်ပြင်းပြင်း၃ခါရှိုက်ပီးလုံးဝကိုငြိမ်သွားတော့တယ်ကျမလဲအမိုးတို့ကိုခေါ်နှိုးအပါးဘာဖြစ်လဲမသိဘူးလို့ပြော ဆရာဝန်မကိုသွားခေါ်တဲ့သူကခေါ်ပေါ့ ဆရာဝန်မလေးက လာတော့လာပါတယ် အပါးရဲ့ရင်ဘက်ကို နှလုံးနှိုးဖို့ သူ့အားလေးနဲ့လုပ်ကြည့်တယ်အမှန်တော့သူသိနေတယ်နဲ့တူပါတယ် အမိုးက လုပ်ပါအုံးဆရာမရယ်လို့ပြောလို့ လူနာရှင်ကို အားနာလို့လုပ်တဲ့ပုံမျိုးလေးပါ့ ပီးတော့ နှလုံးနှိုးတဲ့စက်ကို တခြားအဆောင်ကသွားယူတာက ၅မိနစ်၁၀မိနစ်လောက်ရှိမယ် ပီးတော့ အဲဒီစက်ကို သူမရိုက်နိုင်လို့ တခြားအမျိုးသားဆရာဝန်ကိုခေါ်တာက လဲ ၁၅မိနစ်လောက်စောင့်ရမယ် ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် နောက်ဆုံးရောဂါအမည်မှာ အပူချိန်လွန်ကဲလို့ဖြစ်တဲ့ heat stoke ဆိုတဲ့ အမည်နဲ့အပါးလဲ ကျမတို့ကို ထားခဲ့ပါတော့တယ်အပါးလဲသူ့သေနေ့စေ့လို့နေမှာပေါ့ဆိုတာနောက်တော့မှတဖြည်းဖြည်းနဲ့ကျမဖြေခဲ့ရတာပါ အဲဒီတုန်းကတော့ အရမ်းကိုတုန်လှုပ်သွားတယ် သူအရမ်းပူလောင်ပီးတော့နေခဲ့ရတာ (ခုမှတွေးမိတာ ကျမတို့ဗုဒ္ဓဘာသာအယူနဲ့ကြည့်ရင် အပါးဝဋ်လည်တာဖြစ်မယ် အပါးကလေ ကျမ်းပိုးတွေကို တွေ့ရင် မီးရှို့တတ်တယ်) တနင်္ဂနွေနေ့ မနက်လေးနာရီကျော်ကျော်လောက်မှာအပါးဆုံးသွားပါတော့တယ် အမိုးငိုတာကိုလဲအားပေးပေါ့ မောင်လေးတွေလဲ လှမ်းခေါ်လုပ်ပေးစရာရှိတာတွေလုပ်ပေးရင်းနဲ့ အပါးကို ကျမကတိတခု အပါးကြားနိုင်လောက်သေးတယ်ထင်လို့ပေးလိုက်ပါတယ် အမိုးနဲ့မောင်လေးတွေအတွက်စိတ်ချပါလို့ အပါးကို ဂရုမစိုက်နိုင်ခဲ့မိတာတွေကို ခွင့်လွှတ်ပါလို့ ..နောင်တာတွေနဲ့ကျမပါ…
          အပါးဆုံးတာကိုဘယ်သူမှမယုံနိုင်ကြဘူး အပါးကလေမိသားစုကိုသာ ဂရုမစိုက်သလိုဖြစ်ခဲ့ပေမယ့် သူ့အလုပ်နဲ့လူမှုပတ်ဝန်းကျင်မှာ အင်မတန်တာဝန်ကျေတဲ့ ဖော်ရွေပီးစိတ်ကောင်းရှိတဲ့သူဆိုတာ သူ ဆုံးပီးမှသိခဲ့ကြတယ်.
တချို့ကလဲ အဖြစ်တွေကိုပြောပြတော့ အော် အထူးကုဆေးရုံမှာတင်ချင်တာများသူတို့ကိုပြောပေါ့ တဲ့ ဒါတွေကပီးမှလေ… ဘာဘဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ် သေတဲ့သူလဲသေပီပဲ.ဒါပေမယ့် ရက်ပေါင်းတော်တော်ကြာအောင် ကျမစိတ်ထဲမှာ စွဲနေခဲ့တာက ငါသာအဲလိုအထူးကုဆေးရုံမှာတင်ခဲ့ရင် အပါးသေချင်မှသေမှာလို့.. တရားမရှိတဲ့အတွေးပေါ့ သေခြင်းတရားဆိုတာ ဘယ်အချိန်ဘယ်နေရာဆိုတာ ကျမတို့မသိနိုင်ပါဘူး…အပါးရဲ့နောက်ဆုံးခရီးကိုအပါးတို့ဘာသာအတိုင်းအကောင်းဆုံးဖြစ်အောင်ကျမလုပ်ပေးနိုင်ခဲ့ပါတယ်. သူ့ခမျာနေရတဲ့ အချိန်တလျောက်လုံး သားသမီး၃ယောက်လုံးက သူ့ဘက်မပါ သူ့စကားနားမထောင်တော့ စိတ်မကောင်းဖြစ်ခဲ့မှာ.. ကျမလဲအပါးကိုမပြုစုလိုက်ရတဲ့နောင်တတွေနဲ့အတူတူ ကျန်နေသေးတဲ့ အမိုးကို နောင်တမဲ့စွာနဲ့ပြုစုလုပ်ကျွေးရမယ် ပိုဂရုစိုက်ရမယ်ဆိုတာ အပါးက သေချာသင်ပေးသွားခဲ့တာပါ။ ကျမလဲ ကျန်နေသေးတဲ့ သက်တမ်းမှာ အမိုးကို လုပ်ကျွေးပြုစုရင်းနဲ့ ကိုယ်သူတပါးအကျိုးမယုတ်စေမဲ့ အရာတွေကို လုပ်ရင်း နေထိုင်သွားမယ်ဆိုတာ အပါးကို သတိရရင်း ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ချမိပါတယ်။။
          ကျမ အပါးမရှိတော့ ရင်ဆိုင်ရတဲ့ဒုက္ခတွေကတော့ပြင်းထန်တယ် အိမ်ရဲ့တာဝန်ကို ယူနေရတဲ့သူဆိုတော့ မိသားစုအတွက်ဆိုပီးပဲကျမရုန်းကန်ခဲ့ရပါတယ် တသက်လုံးဖြစ်လာမယ် ကြုံလာမယ်လို့တောင်ထင်မထားခဲ့တဲ့ အလွန်တရာ ခက်ခဲတဲ့ နေ့ရက်တွေကို ကျမကျော်ဖြတ်ခဲ့ရပါတယ် ကျမရဲ့ အတိတ်က အကုသိုလ်တွေအကျိုးပေးတာလို့လဲ ကျမထင်တယ်. (ဒါကြောင့် ခု လက်ရှိမှာ မကောင်းတာတွေကို လုံးဝမလုပ်မိအောင် အတတ်နိုင်ဆုံးနေထိုင်ဖို့ ပို သိလာတယ် ဒါမှ အနာဂတ်မှာလဲ ကောင်းတဲ့အကျိုးပေးမှာလေ)လုံးဝထင်မထားတဲ့အကြောင်းတရားတွေနဲ့အတူ ထိုးနှက်မှုမျိုးစုံကို ခံစားခဲ့ရပါတယ် ဒါပေမယ့် ရတနာသုံးပါးနဲ့ မိဘကို ဦးထိပ်ထားပီးလုပ်ကိုင်ရင် ဘာမဆိုအဆင်ပြေသွားနိုင်တယ်ဆိုတာ ကျမကိုယ်တွေ့မို့လို့ပြောရဲပါတယ်ရှင်.. ခုဆိုကျမအရင် က ဒုက္ခဆင်းရဲတွေကနေ တဖြည်းဖြည်းထွက်လာနိုင်ပါပီ။
          ဒီစာလေးကကျမရဲ့အဖြစ်အပျက်ဆိုပေမယ့် တခြားသူတွေလဲ ဒီလိုမဟုတ်တောင် ဒီလိုမျိုးဆင်တူလေးတွေရှိခဲ့ကြမယ်လိုထင်ပါတယ်..ဒီစာထဲမှာကျမမျှဝေချင်တဲ့ အရာလေးတွေက မိဘတွေရှိနေသေးတဲ့အချိန်မှာမိဘတွေကောင်းကောင်းဆိုးဆိုး ကိုယ့်ဘက် အကောင်းဆုံးဖြစ်အောင် ပြုစုလုပ်ကျွေးကြရင် ဘယ်မှာနောင်တကျန်နိုင်ပါ့မလဲနော်.. ပီးတော့မိဘတွေနေရာကနေကြည့်ရင်လဲ သားသမီးတွေရဲ့ လေးစာမှုချစ်ခင်မှုအားကိုမှုကို ဘယ်လိုယူနိုင်အောင်ကြိုးစားရမလဲ။ အိမ်ထောင်ဖက်တွေလဲ ၂ယောက်အတူတူတက်ညီလက်ညီကြိုးစားကြရင်သာယာတဲ့ မိသားစုလေးကျိန်းသေရနိုင်တယ်။ပီးတော့ဝဋ်ဆိုတာတကယ်ရှိတယ် အကြောင်းတရားမတိုက်ဆိုင်သေးလို့သာ အကျိုးမပေးကြသေးတာပါ။ကျမတို့အတွက်သေခြင်းတရားဆိုတာဘယ်အချိန်ဘယ်နေရာမှာလာမယ်လို့လဲမသိနိုင်ပါဘူး ဒါကြောင့်အတတ်နိုင်ဆုံးပြင်ဆင်ထားကြရမယ်။ နောက်ဆုံးတစ်ခုကတော့ကျမဘာသာရေးကိုထိခိုက်ပီးပြောတာမဟုတ်ပါဘူး အိမ်ထောင်မှုပြုကြတော့မယ်ဆိုရင် ဘာသာတူ တာကိုသာစဉ်းစားကြပါလို့ဒါမှ ဘ၀တစ်လျောက်လုံးနားလည်ပေးနိုင်မယ့်မိသားစုမျိုးနဲ့စိတ်ချမ်းချမ်းသာသာနေနိုင်မှာလေ….

အစီအစဉ်မကျ ရင်ထဲကလာတဲ့ ဒီပိုစ့်လေးကို အဆုံးထိဖတ်ပီး တစ်ခုခုနားလည်သွားကြမယ့် သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်

စန်းစန်းကြည်
9:06 pm
1 may 2012

Tuesday, April 17, 2012

နှစ်သစ်မှာပြောချင်တာ.....


ဖေ့စ်ဘုတ်ပေါ်မှာ သင်္ကြန်နဲ့ပတ်သတ်ပြီးတော့ တင်တဲ့သူကတင်ကြည့်တဲ့သူတွေကလဲကြည့် ကော့မန့်တွေနဲ့ အငြင်းပွားနေတဲ့သူတွေကလဲပွားပေါ့ ကျမလဲ အပါအ၀င်ပါ ဒါပေမယ့် တိတ်တိတ်လေးကြည့်ပြီးတော့ပဲ စိတ်အခန့်မသင့်စရာတွေ့လဲ တိတ်တိတ်လေးပဲ ဖြေဖျောက်ခဲ့ပါတယ် ဒါပေမယ့် ကျမ ခုစိတ်ထဲမှာ စာရေးချင်စိတ်ပေါ်လာတယ်(ကျမစာရေးဆရာတွေ လိုစာမရေးတတ်ပါဘူး ပိုစ့်တွေလဲရေးနေမကျပါဘူး)ဒါပေမယ့် ခု စိတ်ထဲမှာဖြစ်နေတာလေးကိုချရေးကြည့်ချင်လို့ပါ။ မြန်မာပြည်က သင်္ကြန်အကြောင်းပါ သင်္ကြန်မှာအရက်သောက်ကြတယ် ပျော်ကြပါးကြတယ် အရင်ကယောင်္ကျားလေးတွေလောက်ပဲသောက်စားကြတယ် ခုကမိန်းကလေးတွေလဲပါလာပီ သင်္ကြန်ရေထိရင်အေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သောက်တုန်းကတော့စသောက်ကြတယ်လို့ထင်ပါတယ် ဒါကတပိုင်းနောက်တပိုင်းက ဖေ့ဘုတ်မှာဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ကိစ္စ အ၀တ်အစားပေါ့ တနှစ်ထက်တနှစ်ဆိုးဆိုးလာတယ်လို့လဲ ရေးတဲ့သူတွေကရေးသလိုပုံတွေကလဲပြနေတယ် ဒါပေမယ့်လဲအကုန်တော့မဟုတ်ဘူးလေ ဒါမျိုးတွေရှိတဲ့နေရာကို သွားရိုက်တော့ဒါမျိုးတွေမြင်ရတာပေါ့ ကျမလဲအဲဒီပုံတွေကို ကြည့်ပီး စိတ်ထဲမှာတမျိုး ခံစားရတယ် လူတိုင်းလဲခံစားရမှာပဲလေ ဒါပေမယ့် အဲဒီသူတွေကို အပြစ်မပြောတာကောင်းမယ် ဘာလို့လဲဆိုတော့သူတို့ကိုကြည့်ပီးဒေါသထွက် နေရင် ကိုပဲငရဲရမယ်လေဆိုပီး အကြည့်ပဲ ဦးတည်တယ်အဲဒီအကြည့်နောက်မှာပါလာမဲ့စိတ်ခံစားမှုတွေကို အတတ်နိုင်ဆုံးဖျောက်တယ် လူတွေကလေ ဒေါသထွက်လာရင် ဘာမဆိုပြောရဲဆိုရဲလာတယ်ဆိုတာလဲ ဟုတ်မယ် စိတ်ထဲမှာ ဒေါသမီးကတောက်လာတော နှုတ်ကနေလွှတ်ခနဲ့ ပြောထည့်လိုက်ရော ကောင်းစေချင်တဲ့စေတနာတွေနဲ့ပြောကြတာပါအမှန်တော့ ဒါပေမယ့် ၀ဇီဗေဒ ထိတိုင်းရှ ဆိုတဲ့ စာဆိုအတိုင်း သူများကိုပြောရင် ကိုယ်လဲ တနေ့ပြန်ပီးခံစားရမယ်ဆိုတာမယုံလို့မရဘူး ကိုယ်တိုင်က ငါယောင်္ကျားလေးပဲပြန်အပြောမခံရနိုင်ပါဘူးဆိုပီးပြောပေမယ့် (ဥပမာပြောတာပါ ယောင်္ကျားလေးတွေကိုထိခိုက်တာမဟုတ်ပါဘူး) တိုက်ရိုက်တော့မဟုတ်ပေမယ့်တနည်းနည်းနဲ့တော့ ကိုယ်ပြုခဲ့တဲ့ကံတွေကပြန်အကျိုးပေးမှာ အဲဒါတော့ကျမယုံကြည်တယ် အချိန်ပဲလိုတာ ဒါကတော့ဘာသာရေးအပိုင်းက ကြည့်တာပေါ့ ကျမလဲဘုရားဟောတရားတွေကိုအကုန်လုံးတော့မသိပါဘူး လေ့လာတုန်းပဲပေါ့ ကြုံလာတဲ့အရာတွေပေါ်မူတည်ပီး မြတ်စွာဘုရားဟောထားတဲ့တရားတွေက အမှန်တွေဆိုတာမလွဲကိုမလွဲတာပါ ဆိုတာတဖြည်းဖြည်းနဲ့ကိုပိုသိလာရတယ် (ကျမတို့က ကျမတို့ကလို့ပြောရတာ လူတိုင်းတော့မဟုတ်ပါဘူး တော်တော်များများတော့ရှိမယ်လို့ထင်တယ် ထေရ၀ါဒ ဗုဒ္ဓဘာသာတွေပဲများနေရမဲ့အစားအခြေအနေ အမျိုးမျိုးကြောင့် မိရိုးဖလာ ဗုဒ္ဓဘာသာတွေပိုများနေတယ်.. ခုတော့လဲ ဗုဒ္ဓဘာသာသင်တန်းတွေ ဆရာတော်ဘုရားကြီးတွေရဲ့ ကလေးတရားစခန်းမျိုးစုံနဲ့ ခုနောက်ပိုင်း လူငယ်တွေအတွက် အများကြီး အကျိုးရှိပါတယ်(ဒီအကြောင်းနဲ့ပတ်သတ်ပီးလဲ စာရေးချင်စိတ်ရှိသေးတယ်) ကျမလဲ မိရိုးဖလာနဲ့ပဲ အသက်တော်တော်များများကိုဖြတ်သန်းခဲ့တယ် ခုလဲ ဘုရားဟောတရားတွေကိုလေ့လာတုန်း စိတ်ကိုလဲထားတတ်အောင်ကျင့်တုန်းပေါ့ ကြုံရခဲ့တဲ့အသိနဲ့လည်းထပ်ပွားရှာမှီးတာပေါ့… ခုအဓိကပြောချင်နေတဲ့အရာကိုဆက်ပြောမယ်နော်..ခုနကလိုဝတ်စားတာ သောက်စားကြတာတွေက သူတပါးယဉ်ကျေးမှုဖုန်းလွှမ်းနေလို့လို့ပြောတဲသူတွေလဲရှိသလို ဟုတ်လဲဟုတ်ပါတယ် ရာခိုင်နှုန်းတော်တော်များများက ဒါပေမယ့် ခုဒါပေမယ့်ရဲ့နောက်ကဆက်ရေးလာမယ့်စာတွေက (အော်သူကသူများနိုင်ငံမှာရောက်နေလို့ ဒီလိုမျိုးပြောနိုင်တာပေါ့ဆိုတဲ့ အရာမျိုးလုံးဝလုံးဝမဟုတ်ပါဘူးဆိုတာအရင်ပြောပါရစေ) အရင်က မြန်မာပြည်မှာအနောက်နိုင်ငံက ရုပ်ရှင်တွေအရင် ၀င်ရောက်ခဲ့တာပါ အဲ သူတို့ ရဲ့အပြုအမူအ၀တ်အစားတွေက မြန်မာနဲ့ အရမ်းကြီးကို ကွာခြားတော့ အရမ်းတော့လွှမ်းမိုးမှုမခံခဲ့ရဘုးလို့ကျမအမြင်ပေါ့လေ ရှိတဲ့နေရာတွေရှိမှာပါ။ ခုနောက်ပိုင်းနှစ်တော်တော်များများမှာ တိုးတက်လာတဲ့ အာရှနိုင်ငံတွေက အနောက်နိုင်ငံနဲ့သူတို့နိုင်ငံရဲ့ ရေမြေကိုပေါင်းစပ်ပီး ခတ်မှီအောင်နေထိုင်သွားလာကြတယ် သူတို့ကသူတို့ယဉ်ကျေးမှုနဲ့ကမ္ဘာကသိအောင်လုပ်တယ် သူတို့ဝင်ငွေတွေရှာကြတယ် အဲဒါကတပိုင်း နောက်သူတို့နိုင်ငံမှာစက်မှုလုပ်ငန်းတွေထွန်းကားကြတယ် သူများနိုင်ငံကအလုပ်သမားတွေလဲခေါ်တယ်သူတို့ကိုယ်တိုင်လဲ ကြိုးကြိုးစားစားလုပ်ကြတဲ့သူတွေလဲရှိပါတယ်
ခုမြန်မာပြည်မှာခတ်စားပီး ယဉ်ကျေးမှုလွှမ်းမိုးခံနေရသလိုဖြစ်တဲ့ အာရှနိုင်ငံကတော့ အားလုံးလဲသိပါတယ် ကိုရီးယားပေါ့ ကောင်မလေးတွေအဒေါ်ကြီးတွေ တချို့ အမျိုးသားတွေလဲ ကိုရီးယားဇတ်လမ်းတွေကိုကြိုက်ကြတာတွေ့ရတယ် အဲဒါသူတို့ဇတ်လမ်းတွေကိုအပြစ်ပြောလို့မရဘူးလေ သူုတို့ဇတ်လမ်းတွေကိုကြည့်လို့ အ၀တ်အစား အတုခိုးတယ် ကောင်မလေးတွေအရက်သောက်ကြတယ်.. ဒါကဘာလဲဆိုတော့ သူတို့က ဒီရုပ်ရှင်တွေနဲ့ သူများကို သူတို့ရဲ့ယဉ်ကျေးမှု တွေသက်ရောက်အောင်လုပ်ကြတာ ဒါက နိုင်ငံရေးအရကြည့်မယ်ဆိုရင် လည်း နိုင်ငံတွင်းယဉ်ကျေးမှုကျုးကျော်ဝင်ရောက်တာပေါ့ ဒါပေမယ့်ကျမနိုင်ငံရေးကို မသိဘူး အရင်တုန်းကတော့စိတ်လဲမ၀င်စားခဲ့ဘူး ဒါပေမယ့်ကို့နိုင်ငံလေးအေးအေးချမ်းချမ်း သာသာယာယာ လေးဖြစ်တာကိုတော့လိုလားခဲ့တယ် ..ထားပါ ခုနကဟာဆက်မယ်ဒါဆိုကိုယ်တွေဘက်ကလဲ ကို့ယဉ်ကျေးမှု ကိုဘယ်လိုပြန်ပီးဖေါ်ထုတ်မလဲ နည်းအသစ်တွေမတွေးချင်ဘူး သူများနည်းပဲ ယူသုံးမယ်ဆိုရင်တောင်ရှင်းရှင်းလေးဘဲလေ ဒီရုပ်ရှင်တွေကနေပဲပြန်ပီးတော့တွန်းလှန်ရမှာပေါ့ စစ်တိုက်တဲ့ကားတွေကိုပြောတာမဟုတ်ဘူးနော်အဲ တခုကရုပ်ရှင်လောကသားတွေရဲ့အခက်အခဲကလဲရှိသေးတာကို ဒါတွေတော့ဆက်မပြောတတ်တော့ဘူး ကို့ဘာသာကိုသာ ချဲ့ပြီးတော့တွေးကြ ကျမလဲ တွေးတတ်သလိုတွေးပီးနားလည်ခဲ့တာများပါပီ. အ၀တ်အစားအတုခိုးတယ် ချစ်တာကြိုက်တာအတုခိုးတယ် အဲ အလုပ်လုပ်တာတွေ ကြတော့ရောအတုမခိုးဘူးလား အဲဒီမှာနောက်တချက်ပြောလို့ရတယ် အတုခိုးရအောင် အလုပ်အကိုင်ရောပေါများလို့လားဆိုတာ (ဒါတော့ …ကျမမပြောဘူး)ဒါပေမယ့်ခုလိုယဉ်ကျေးမှုဖုန်းလွှမ်းခံတာ စိတ်နဲ့လည်းဆိုင်တယ် တချို့က ကိုယ်လုပ်နေတာတွေကို လူတွေက လိုက်ကြည့်နေတာတွေကိုသဘောကျတယ် ကြွားသင့်မှန်းမသိဘဲနဲ့ကြွားနေကြတဲ့သူတွေလဲရှိတယ် အရက်သောက်တဲ့သူတွေပေါ့ ငါတော့ အရက်ကိုဘယ်လိုသောက်ပီးဘယ်လိုမှောက်နေတာမျိုးပေါ့.. အဲလိုပဲလေ တချို့လဲ့ ဟာငါဒီလိုလေးဝတ်တာလူတွေဝိုင်းကြည့်ကြတယ်ပေါ့ အဲလိုစိတ်မျိုးနဲ့လုပ်တဲ့သူတွေပေါ့ ခတ်အခြေအနေအရ အ၀တ်အစားတွေတော့မပြောပါဘူး ဒါပေမယ့် မြန်မာမျက်လုံးထဲမှာ ရိုင်းစေမဲ့အ၀တ်အစားမျိုးဆိုရင်တော့ စာရေးဆရာတစ်ယောက်ပြောသလို စိတ်မ၀င်စားဂရုမစိုက်ပြဘဲနေကြရမှာပေါ့ အဲဒါအားလုံးနဲ့ဆိုင်တယ် စည်းကမ်းနဲ့လည်းဆိုင်တယ် ဒီလိုအတေွးမျိုး(ဒါကတော့မလုပ်သင့်ဘူး မ၀တ်သင့်ဘူး)ဆိုတဲ့အတွေးမျိုးကို ထည့်ပေးနိုင်တဲ့အခြေခံကျတဲ့နေရာ၂ နေရာရှိတယ်လို့ကျမမြင်တယ် အဲဒါကတော့ အိမ်နဲ့ကျောင်းပဲ မွေးကတည်းက နေကျောင်း မတက်ခင် အရွယ်အထိက အိမ်ကမိဘနဲ့ ဆိုင်သလိုကျောင်းစတက်ပီဆိုတဲ့အချိန်မှာလဲ ကျောင်းက ဆရာမတွေနဲ့ဆိုင်တယ်ဟိုးအရင်ကမြန်မာကျောင်းတွေမှာ ယဉ်ကျေးမှုအချိန်ဆိုတာမျိုးရှိခဲ့တယ်လို့ကြားခဲ့ဖူးတယ်(ကျမမှားကောင်းလဲမှားနိုင်ပါတယ်) ဘာလို့လဲဆိုတော့ ကလေးတွေကကျောင်းကဆရာဆရာမတွေပြောရင် အကုန်ရတယ် ကျမတို့ ကိုယ်တိုင်လဲအဲလိုပဲ ကျမတို့ဗုဒ္ဓဘာသာမှာဆရာဆရာမက အနန္တောအနန္တ ငါးပါးဂိုဏ်းဝင်လေ အဲဒါဘာလဲဆိုတော့ ငယ်ငယ်ထဲက မိဘတွေကသင်ပေးလိုက်တာ လူတိုင်းကလက်ခံတယ်ဆရာဆရာမကိုရိုသေရမယ်ဆိုတာ ဗုဒ္ဓဘာသာတိုင်းနားလည်တယ် အဲဒါလေးကိုအခွင့်အရေးယူပီး ဆရာဆရာမတွေက ကျမတို့တွေကို ကောင်းတာတွေ၊ စည်းကမ်းတွေကိုသိစေမှတ်စေခဲ့တာလေ ငယ်ငယ်ထဲကစမှရမယ်လို့ကျမမြင်တယ် အဲဒီကမှ ခုနကပြောတဲ့ပြင်ပဗဟုသုတတွေထဲမှာရုပ်ရှင်ဆိုတာကိုလေ့လာပီဆိုရင် အဲဒီကနေ ထပ်လောင်းပီးယဉ်ကျေးမှုမပျောက်ပျက်စေမဲ့ ဇာတ်လမ်းမျိုးတွေနဲ့ မြန်မာဆိုတာဘာလဲဆိုတာပြသရမယ်လို့ထင်တယ်(ယဉ်ကျေးမှုပိုင်းကိုပြောတာပါ) လူတိုင်းကလေ ကိုယ်ရိုသေလေးစားရတဲ့သူတွေပြောရင် အရိုးစွဲအောင်မှတ်တတ်ကြပါတယ် ဒါကြောင့် စာသင်ကျောင်းတွေက ဆရာဆရာမတွေရဲ့ အရည်အချင်းအရည်အသွေးတွေလဲအများကြီးလိုပါတယ်နော်။ ကျမတို့လေးစားရိုသေရတဲ့ဗုဒ္ဓမြတ်စွာဘုရားနဲ့ သံဃာတော်တွေကိုပဲကြည့်ပါရှင် သံဃာဆိုတာနဲ့သဃာင်္န်းနဲ့တွဲမြင်ပီးသားလေ အနောက်နိုင်ငံတွေမှာရောက်နေတဲ့မြန်မာ သံဃာတွေအနေနဲ့အေးလို့ပူလို့ဆိုတဲ့အကြောင်းပြချက်နဲ့အမျိုးမျိုးသဃာင်္န်းကို ပြောင်းလဲပစ်လို့ရတာပဲ ဒါပေမယ့်ဘာလို့မပြောင်းလဲ ဗုဒ္ဓမြတ်စွာဘုရားကိုလေးစားရိုသေလို့ ဘုရားချမှတ်ထားတဲ့စည်းကမ်းကိုရိုသေလို့သံဃာတို့လိုက်နာရမယ့်သိက္ခာပုဒ်တွေကိုစောင့်ထိန်းလို့
ဒါတွေကြောင့်ပဲ လေ .. အဲလိုပဲ ကိုယ်တွေ အထွတ်အမြတ်ထားတဲ့ဘုရား၊ဘုရားသာတော်တွေက ရှေ့ကနေနည်းပေးလမ်းပြနေနေကြတာပဲ လူတွေလဲ လူပီသအောင်လိုက်နေရမှာပေါ့ လူတွေအားလုံးကိုအကြောင်းအရာတော်တော်များများကို နေရာတနေရာကနေသိအောင်လုပ်ပေးနိုင်တဲ့သူတွေရှိပါတယ်အဲဒီသူတွေလဲ သူတို့တွေရဲ့ လုပ်ပေးနိုင်တဲ့နေရာကနေအကောင်းဆုံးတွေလုပ်ပေးနိုင်ပါစေ ကျမတို့ပြည်သူတွေလဲ တခြားသူကပေးတဲ့အသိအပြင် မိမိတို့ ကိုယ်ပိုင်အသိလေးတွေနဲ့ ဖြည့်စွက်ဆင်ခြင်ရင်းတနှစ်ထက်တနှစ် တနေ့ထက်တနေ့ ပိုနီးနီးလာတဲ့သေခြင်းတရားအတွက် ပြင်ဆင်ကြပီး နှစ်သစ်မှာ အနှောက်အယှက်အတိုက်အခိုက်ကင်းစိတ်အေးချမ်းသာစွာနေထိုင်နိုင်ကြပါစေရှင်။

Monday, April 2, 2012

နေ့သစ်.... အတွေးသစ်....

   ဒီနေ့ မိုးတွေကအုံ ရာသီဥတုကလည်း နည်းနည်းအေးတော့ မနက်အိပ်ရာမှ   မထချင် ထချင်နဲ့ ထခဲ့ရတယ်... မထလို့ကလည်းမဖြစ် မနေ့ကမှ ပူပူနွေးနွေး ရခဲ့တဲ့ အချိန်ပိုင်း အလုပ်လေး နောက်ကျမှာ အရမ်းစိုးရိမ်မိတယ်...
    နေရာက နည်းနည်းဝေးတော့ အလုပ်ရောက်ဖို့ အချိန် နှစ်နာရီလောက် ကားစီးလိုက်ရတယ်... ဘာပဲဖြစ်ဖြစ် နေရာသစ်မှာ အတွေ့အကြုံသစ်ရဖို့ အတွက် တစ်ယောက်တည်း စွန့်စားပြီးထွက်လာခဲ့တယ်... 
လမ်းခရီးကို ကြိုတင်မေးထားတော့ သိပ်ခက်ခက်ခဲခဲ တော့ မကြုံလိုက်ရပါဘူး။ ချိန်းထားတဲ့မှတ်တိုင်၊ လုပ်ရမယ့် နေရာရဲ့ မှတ်တိုင်ကို တိုက်ရိုက်ပဲရောက်သွားခဲ့ပါတယ်... အကူအညီပေးမယ့် အကိုနဲ့အမကလည်း အဆင့်သင့်စောင့်လို့ပေါ့။
    ဒီလိုနဲ့ပဲ ဒီနေ့ အလုပ်စလုပ်ဖြစ်ပါတယ်... မတတ်ကျွမ်းသေးတဲ့ဘာသာစကားမို့လို့ ပြောပြသူရဲ့ အမူအရာကိုကြည့်ပြီး လိုက်လုပ်ဖြစ်ပါတယ်... စစချင်းတော့ နည်းနည်းခက်တယ်လို့ ထင်ရပေမယ့် ကြာလာတော့လွယ်လာပါတယ်... ဒါပေမယ့် မျက်လုံးတော့ အညောင်းသား။ မျက်စေ့ကို အားစိုက်လုပ်ရတာဖြစ်သောကြောင့် မျက်လုံးလေးတွေတောင် ထောင့်ကပ်သွားမှာစိုးရတယ်...
ဒါနဲ့ ကိုရီးယားရဲ့ အလေ့အကျင့်လား? လူတွေရဲ့ စရိုက်လေလားတော့မသိ လူသစ်လာပြီဆိုရင် (စပ်စုတယ်)မေးကြတယ်... ဘယ်နိုင်ငံကလဲ? တဲ့
ကျမ မြန်မာလို့ပြောတော့ နိုင်ငံရဲ့ အမည်ကပျောက်လို့ မပီမသနဲ့ “ အောင်ဆန်းစုကြည်” ဆိုပြီး အသံထွက် ရေရွတ်ကြတယ်... ကျမတော်တော်လေး အံ့သြမိတယ်...ပြီးတော့ ရင်ထဲတစ်မျိုးကြီး တုန်လှုပ်မိတယ်...
          ကျမထင်ထားတာက ကျမတို့ အမေလိုချစ်တဲ့ အမေစုကို သူတို့သိလိမ့်မယ်လို့မထင်၊ ကျမမှားနိုင်ပါတယ်... အမေစုရဲ့ ဂုဏ်သတင်းဟာ ဒီမိုကရေစီ icon ဆိုတဲ့အတိုင်း လူတွေကသိလို့၊ လေးစားလို့ အထင်တွေကြီးလို့ ။ 
သိသူတွေအတွက်က လေးစားပေမယ့် မသိသူတွေအတွက် တန်ဖိုးကိုနားမလည်တော့ ခက်ရချည်သေးရဲ့ လို့ တွေးမိသား။ ဘာပဲဖြစ်ဖြစ် အချိန်တန်တော့ ပတ္တမြားမှန် နွံနစ်ရိုးမှမရှိတာ။ ကျမအတွက်တော့ ဒီနေ့ လက်ကတော့ အလုပ် လုပ်ရင်း စိတ်ကူးမှာတော့ အမေစု အကြောင်းတွေးရင်း အချိန်ကုန်မှန်းမသိ အလုပ်ပြီးပြီပြောမှ လုပ်လက်စကိုရပ် အားလုံးကိုနှုတ်ဆက်ရင်း ဒီနေ့အတွက်တော့ ရှေ့ ဆက်တွေးရင် 
အခန်းကို ပြန်လာခဲ့မိတယ်....

Thursday, March 1, 2012

sanmaybal ဖြစ်တည်မှု

ရင်တွင်းစာမျက်နှာ အစပျိုး ပီးပီဆိုတော့ .. ဖန်တီးသူ  ကျွန်မရဲ့ဖြစ်တည်မှုလေးကိုပြောချင်သေးတယ်။....
(မရဘူးဖတ်ရမယ်နော် မဖတ်လဲပြောမှာပဲ):P
....... sanmaybal ဆိုတဲ့ အမည်လေးအကြောင်းပဲပြောမှာပါ... ကျွန်မရဲ့မှတ်ပုံတင်၊သန်းခေါင်စာရင်း ထဲက အမည်က လေ စန်းစန်းကြည် တဲ့ တွေ့လား အဲနံမည်ကြီးက မလှဘူးနော် :) ကျွန်မလဲ အထက်တန်းကျောင်းသူဘ၀ရောက်တဲ့အထိဒီနံမည်ကြီးကိုမကြိုက်ဘူး. အတန်းထဲမှာ နံမည်ခေါ်ရင်လဲ ရှက်သလိုလိုအမြဲခံစားရတယ် ...အမိုးကိုအမြဲပြဿနာရှာတာ.. ဘာလို့မလှပတဲ့ နံမည်ကြီးပေးထားလဲပေါ့.. အမိုးကပြောတယ် ငယ်ငယ်ကခဏခဏ နေမကောင်းဖြစ်လို့ ဘဘုန်းကြီးက ပေးခဲ့တာတဲ့..
...နောက်တော့ကျွန်မမရှက်တော့ပါဘူး ဘာလို့လဲဆိုတော့ ကျွန်မကိုဒီနံမည်ကြောင့်မခင်ဘူးလို့ပြောတဲ့သူလဲမရှိဘူးလေ ဒီနံမည်နဲ့ပဲ အရမ်းခင်တဲ့မိတ်ဆွေသူငယ်ချင်းတွေရခဲ့တယ် ပညာရေးကိုလဲ ဆုံးခန်းတိုင်အောင်ဒီနံမည်နဲ့ပဲသင်ခဲ့တယ်.
ပီးတော့ လူတစ်ယောက်မှာနံမည်အဓိကမကျဘူး လူသာအဓိက စိတ်ဓါတ်သာအဓိကဆိုတဲ့ ပညာရှိတွေရေးသားထားတဲ့စာတွေလဲ ကျွန်မဖတ်ခဲ့ရတော့ ကျွန်မဒီနံမည်လေးကို မကြိုက်တော့ဘူးဆိုတဲ့စိတ်မရှိတော့ဘူး။။ အဲ ခု ဘလော့ဂ် အမည်ပေးမယ်ဆိုတော့ နံမည် မကြိုက်တဲ့ စိတ်က တစ်စခန်းထလာပြန်ရော :) ဘာလို့လဲဆိုတော့ သူများဘလော့ဂါတွေရဲ့ အမည်တွေက လှတပတလေးတွေလေ....
ဒါပေမယ့် ကျွန်မကိုယ်ပိုင်မဟုတ်တဲ့ အမည်လဲ မပေးချင်ပြန်ဘူး... အဲမှာကျွန်မရဲ့တိမ်မြှပ်နေတဲ့ အမည်လေးတစ်ခု ကို ကျွန်မခုချိန်မှာဖေါ်ထုတ်ရတော့မယ် လေ .. :D ကျွန်မမှာ မသုံးခဲ့ရတဲ့ ကျွန်မအပါးရဲ့ အဖေ ပေးခဲ့တဲ့ အမည်လှလှလေးတစ်ခုရှိတယ် (စန်းစန်းကြည်ထက်တော့လှတယ်လို့ပြောတာပါ)
နော်မေဘယ်လ်ထူး ..... ဘယ်လိုလဲလှတယ်မလား (လှတယ်လို့ပြောပါ :P) ကျွန်မကလဲ အမိုးတို့ဘက်မှာနေတာများတော့ ဒီအမည်လေးကိုမသုံးဖြစ်ခဲ့ပါဘူး... ခုတော့ကျွန်မထုတ်သုံးတော့မယ်..
အဲတော့ အမိုးရဲ့ စန်း ရယ် အပါးရဲ့ မေဘယ်လ် ရယ်ကို ယူပီး ခု
ကျွန်မ စန်းမေဘယ်လ် ရဲ့ ရင်တွင်းစာမျက်နှာလေး ကို ဖန်တီးခဲ့တယ်ပေါ့ရှင်.....
 မြန်မာလိုမရေးဘဲ အင်္ဂလိပ်လိုရေးလိုက်တာကလဲ .. ရေးချင်လို့ပါရှင် :)
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်..

ရင်တွင်းစာမျက်နှာ အစပျိုးခြင်း....

ရင်တွင်းစာမျက်နှာ အစပျိုးခြင်း

ကျေနပ်တယ်...


ဒီကဗျာလေးက ကျွန်မ ရေးထားတာမဟုတ်ပေမယ့် ကျွန်မပိုင်ကဗျာလေးပါ..